ကျောင်းတက်ဖို့ မလေးရှားနိုင်ငံကို ဘာကြောင့်ရွေးချယ်သင့်တာလဲ
မြန်မာကျောင်းသား၊သူများအနေဖြင့် နိုင်ငံခြားမှာကျောင်းတက်ဖို့ စတင်ပြင်ဆင်တာနဲ့တစ်ပြိုင်နက် မိမိသွားရောက်ပညာသင်ကြားလိုသော Study Destination Country ရဲ့ Academic Requirements တွေကို တစ်ခါတည်းပြင်ဆင်သွားတာက အကောင်းဆုံးပြင်ဆင်မှုကိုဖြစ်စေမှာပါ။ ရွေးချယ်စရာနိုင်ငံများစွာတည်းက မလေးရှားနိုင်ငံက ကမ္ဘာ့အဆင့်မီပညာရေးတစ်ခုကို ပေးစွမ်းနိုင်တဲ့ အရှေ့တောင်အာရှနိုင်ငံများထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားများစွာလဲ တက်ရောက်ကြလို့ International Network အပြင် ကျောင်းပြီးတာနဲ့ အလုပ်လုပ်ဖို့ အခွင့်အလမ်းများစွာကိုလဲ ရရှိမှာဖြစ်ပါတယ်။ ဘွဲ့ရပြီးလို့ မလေးရှားနိုင်ငံမှာပဲ အလုပ်ဆက်လုပ်ချင်သူများအတွက် ၁နှစ်ကို extension လုပ်ခွင့်ပေးပြီး အလုပ်ရှာဖို့ အချိန်တစ်ခုပေးထားတာလဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အထက်တန်းအောင်လက်မှတ်မရှိသူများအနေဖြင့် မလေးရှားနိုင်ငံကို ကျောင်းလျှောက်ဖို့ လိုအပ်သော အရာများ
မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးအရ စနစ်သစ် ၁၂တန်း ကို လက်ခံလားဆိုတာကတော့ သက်ဆိုင်ရာကျောင်းများကို အောင်လက်မှတ်နှင့် အမှတ်စာရင်းပေးပို့ပြီး မေးမြန်းပေးရမှာဖြစ်ပြီး စနစ်ဟောင်းဖြစ်ပါက တက္ကသိုလ် ဒုတိယနှစ်ရဲ့ အောင်လက်မှတ်နှင့် အမှတ်စာရင်းများ လိုအပ်မှာဖြစ်ပါတယ်။
ဒါတွေမရှိဘူးဆိုရင်တော့ IGCSE A Level, GED နဲ့ ကျောင်းဘက်က Foundation Program အရင်တက်ရောက်ပြီး Bachelor Program တက်ရောက်နိုင်မှာဖြစ်ပြီးတော့ English Proficiency Test အနေနဲ့ IELTS, TOEFL တို့ကိုဖြေဆိုထားတာနဲ့ မလေးရှားနိုင်ငံကို အလွယ်တကူကျောင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ Private University နဲ့ Public University ကွာခြားချက်များ
မလေးရှားနိုင်ငံမှာ ကျောင်းအမျိုးအစားနှစ်ခုရှိပြီး Public University ကတော့ Local အများစုသာတက်ရောက်ကြပြီး International Program မရှိလို့ နိုင်ငံတကာကျောင်းသားတွေအနေနဲ့က စာတွေ့လက်တွေ့သင်ကြားမှုအပြင် Global Network ကိုပါ ရရှိနိုင်မယ့် အခွင့်အရေးကို Private University တွေမှာပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ Public University နဲ့ ယှဉ်ရင် Private University က ပညာရေးအဆင့်အတန်းမြင့်မာပြီး နိုင်ငံတကာစံချိန်တွေကို မီတာဖြစ်လို့ နိုင်ငံတကာကျောင်းသားတွေ အတွက် အသင့်တော်ဆုံး ရွေးချယ်မှုအတွက် Private University က အကောင်းဆုံးဖြစ်စေမှာပါ။
မလေးရှားနိုင်ငံမှာ ပညာသင်ယူဖို့ ကုန်ကျစရိတ်နဲ့ ပညာသင်ဆုများအကြောင်း
မလေးရှားနိုင်ငံမှာ သင်ကြားစရိတ်က တစ်နှစ်ကို အနည်းဆုံး သိန်း ၁၀၀ မှ အများဆုံး သိန်း ၅၀၀ အထိ ကုန်ကျစရိတ်ရှိနိုင်ပြီး နေစရိတ်၊ စားစရိတ်ကတော့ တစ်နှစ်ကို အနည်းဆုံး သိန်း ၂၀ မှ အများဆုံး သိန်း ၄၀ ဝန်းကျင်အထိသာကျသင့်မှာဖြစ်ပါတယ်။ Scholarship အခွင့်အလမ်းများနဲ့ ကျောင်းတက်ချင်တဲ့ ထူးချွန်ကျောင်းသားများအတွက် ကျောင်းဘက်ကပေးတဲ့ Scholarship များကိုလဲ လျှောက်ထားနိုင်သလို အောက်ဖော်ပြပါ Organization များဘက်မှ ပေးအပ်သော Scholarship များကိုလဲ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
Bachelor Program များအတွက်
- Malaysian Government (Partial Scholarship)
- Albukhary Foundation ( Full Scholarship)
- Malaysia-APEC (Partial Scholarship)
Master Program များအတွက်
- Malaysian International (MIS) (Partial Scholarship)
- MyBrainSc (Partial Scholarship) အစရှိတဲ့ Scholarship များစွာကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို ကျောင်းလျှောက်ဖို့ လိုအပ်တဲ့ Requirements တွေကတော့
- အထက်တန်းအောင်လက်မှတ် အောင်လက်မှတ်၊ အမှတ်စာရင်း (IGCSE A Level, GED, Foundation Program)
- English Proficiency Test (IELTS, TOEFL)
- Passport
- Health Declaration Form
မလေးရှားနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်လုပ်လို့ရလား⁉️
ကျောင်းသားတိုင်း သိချင်ကြတဲ့ မေးခွန်းလေးအတွက် အဖြေကတော့ Yes! မလေးရှားနိုင်ငံမှာ ကျောင်းတက်နေကြတဲ့ နိုင်ငံတကာကျောင်းသားတိုင်းအနေနဲ့ Semester Break အချိန်တွေမှာ တရားဝင် တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။